Friday, October 4, 2013


အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့ဟု…

ရှေးကဆိုထား ၀တ်ငါးပါးကို
တစ်ပါးမယွင်း ပြည့်စုံခြင်းဖြင့်
စိတ်ရင်းဖြူစင် မငြိုငြင်ဘဲ
ချစ်ခင်သနား မေတ္တာထား၍
နာများစွာနဲ့ ဆုံးမပဲ့ပြင်
အိုဘယ့် အနစ်နာရှင် ဆရာသခင် …… ။   ။

တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား ညာဏ်စွမ်းအားဖြင့်
မာန်များကင်းစင် ရှေ့သို့နှင်လျှက်
ပြုံးရွှင်ကြည်သာ ချိုမြစွာနှင့်
ချိန်ခါမရွေး ဆုံးမပေးသည်
အိုဘယ့် ၀ါသနာရှင် ဆရာသခင်….။   ။

စွမ်းအားကိုမြှင့် လမ်းများဖွင့်လျှက်
ကျောနှင့်ရင်သား မခွဲခြားဘဲ
စိတ်ထားညီကာ တူမျှစွာနှင့်
ကြိမ်စာမကျွေး အလိမ္မာပေး၍
ညွှန်ကာလမ်းပြ ဆိုဆုံးမသည်
အိုဘယ့် စေတနာရှင် ဆရာသခင် …..။   ။

အပြစ်မရှာ ချစ်သဒ္ဓါနဲ့
သစ္စာမပျက် ဂုဏ်မမက်ဘဲ
ထက်မြက်စေရန် စေတနာမှန်နှင့်
နာခံစေရေး သင်ကြားပေးလျှက်
နွေးထွေးမေတ္တာ ဆုံးကမ္ဘာတည်
အိုဘယ့် ဆရာသခင် ကျေးဇူးရှင်…..။    ။

ဆရာကျေးဇူး မြင်းမိုရ်ဦးကို
ဖတ်ဖူးသေချာ ဒို့ဝန်တာမှာ
လိမ္မာစေရန် ဆုံးမခံလျက်
ထက်သန်စိတ်ကူး တို့ရည်စူး၍
ကျေးဇူးဆပ်ကာ ရှေ့သို့သာသွား
တပည့်အများ ညီစေသား … ။   ။

                                                            ဒီဧလင်း

0 comments:

Post a Comment